မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့တစ်ခါမှ မတောင်းဆိုဘူးဘူး
ထမင်းစားတဲ့အခါတွေမှာလည်း သူတို့ကြိုက်တဲ့ ဟင်းနဲ့စားနေရတာတောင် ထ မင်းမစားရသေးတဲ့သားသမီးတွေရှိသေးတယ်ဆိုရင်
ငါက ဒါတော့ မကြိုက်ဘူးဒါတော့ မစားချင်ဘူးလို့ငြင်းဆိုလေ့ရှိတယ် ။ မယုံကြပါနဲ့ အသက်ကြီးလာရင် အစာအာဟာရဟာပိုပြီး လိုအပ်ပါတယ်
အမေရယ် ဒါကို အရင်တုန်းကအမေကြိုက်ပါတယ်လို့ ပြောရင်တောင် အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူးလို့တောင် ပရိယာယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါတယ်
သားသမီးများ သတိထားကြည့်ကြပါ ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကို လပိုင်းအတွင်းတောင် လေ့လာနိင်ကြပါတယ်
နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြတဲ့ကိုယ့်မိဘ ဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်းသိနိင်လောက်ပါတယ် ။
ဒါ့ကြောင့် သူတို့မကြိုက်ဘူးဆိုလည်း ဇွတ်သာကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာအေးတဲ့အချိန်လည်း
သင့်တော်တဲ့အစားအစာများကိုသားသမီးတိုင်းက အလိုက်တသိနဲ့ကျွေးနိုင်ဖို့ကြိုးစားကြပါ ။ သူတို့တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာမဟုတ်တော့ပါဘူး
ဘာ့ကြောင့်လည်းဆိုတော့သူတို့က ဒီတသက် ဘာမှ တောင်းဆိုမှာမဟုတ်လို့ပါပဲ
စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့မိဘများနဲ့သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါ
ကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေမပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့ သားသမီးတွေအဆင်မပြေရင် မိဘတွေကအားနာတက်တယ်ဆိုတာကို အမြဲသတိရကြပါ ။
တချို့ကမိဘတွေအတွက် ပူစရာမလိုဘူးဆိူပြီး ဥပေက္ခာပြုတက်ကြပါတယ် ပြေ လည်တဲ့ မိဘတွေလည်းသားသမီးတွေရဲ့ သိတက်မှုကို အမြဲမျှော်လင့်နေတက်တယ်ဆိုတာ သတိရကြပါ ။
ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာမငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကိုကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှ
မိဘချင်းယှဉ်လို့မှကိုယ့်မိဘက မျက်နှာ ငယ်ရမယ်ဆိုရင်တော့သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ်…။
ဒါ့ကြောင့်သူတို့လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့လိုအပ်ပါတယ်သူတို့ပြောစ ကားတွေကို မယုံကြပါနဲ့…။
Crd#KK