ရန်ကုန်မြို့မှာ ဘယ်သူမဆို အခမဲ့ စီးနင်းနိုင်တဲ့ အစီအစဉ်

Posted on

ရန်ကုန်မြို့မှာ EV လျှပ်စစ်တက္ကစီယာဉ်တွေကို ဘယ်သူမဆို အခမဲ့ လာရောက်စီးနင်းနိုင်တဲ့ အစီအစဉ်ကို မတ် ၁၆ ရက်က စတင်ပြုလုပ်နေတယ်လို့ EV Myanmar Group တည်ထောင်သူ ဦးကျော်ကျော်ထွန်းက One News ကို ပြောပါတယ်။

အခုအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် www.myantickets.com ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းပြီးတော့ ရန်ကုန်မြို့ ၊ လသာမြို့နယ်၊ လသာလမ်းမှာ လာရောက်စီးနင်းနိုင်တယ်လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

EV လျှပ်စစ်ကားတွေကို စီးနင်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တာ၊ ဓာတ်ဆီ ဒီဇယ်ဖိုးကို သက်သာစေတာအပြင် စီးနင်းသူတွေကိုလည်း လုံခြုံမှု ရှိစေတယ်လို့ ဆိုပါတယ်။

EV လျှပ်စစ်ကားစီးနင်းရတာ သက်တောင့်သက်သာရှိပြီး သွားလာရလည်း အဆင်ပြေတယ်လို့ EV ကား စမ်းသပ်စီးနင်းသူ ကိုပြည့် ကလည်းပြောပါတယ်။

လူတိုင်းအခမဲ့ စီးနင်း/မောင်းနှင်နိုင်တဲ့ EV တက္ကစီ အစီအစဉ်ကိုတော့ တစ်လတိတိ သတ်မှတ်ထားပြီး အခမဲ့ စီးနင်းခြင်း ခွင့်ပြုချက်ယူနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ သိရပါတယ်။

COPY @One News Myanmar

Leave a Reply

Your email address will not be published. Required fields are marked *