စစ်ရှောင် ကလေးငယ်များ အရေပြားကူးစက်ရောဂါဖြစ်ပွားနေ

Posted on

ဒီးမော့ဆို၊ မတ် ၁၆

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်ဒေသမှ ကလေးများတွင် အရေပြားကူးစက်ရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၅ လခန့်မှစတင်ကာ လသားအရွယ်ကလေးအပါအဝင် စစ်ရှောင်ကလေးငယ် ၄၀ ခန့်တွင် ရေမသန့်ရှင်းမှုကြောင့်

အရေပြားရောဂါဖြစ်ပွားလျက်ရှိသော် လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီအရေပြားရောဂါက ကူးတက်တယ်တဲ့၊ ခုထိဆေးမကုရသေးဘူး။ ကလေးတွေကို ဘေးလွတ်ရာကို ရွေ့လာရတာ၊

အခုတော့ ကုသနိုင်ဖို့ဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းနေတယ်” ဟု စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

ကလေးငယ်များ၌ မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဖြစ်ပွားပြီး မျက်နှာတစ်ဝှိုက်ဖြစ်သည့် နား၊

နှုတ်ခမ်း၊ မေးစေ့ အစရှိသောနေရာတို့တွင် အဖြစ်များနေပြီး အရေပြားရေယုန်ရောဂါဟု ဆိုကြသည်။

“ယားနာဖြစ်တာထက်ဆိုးတဲ့ အရေပြားရေယုန်ရောဂါပါ၊ သူက ဖျားတာ၊ တင်းပြီး ကိုက်တာတွေ ဖြစ်တက်တယ်လေ။

အခုဆေးပေးနိုင်ဖို့ ဆရာဝန်တွေနဲ့တိုင်ဆွေး နွေးနေပါတယ်” ဟု ကူညီစောင့်ရောက်ပေးနေသူတစ်ဦးက ပြောသည်။

အရေပြားရောဂါ၏ လက္ခဏာများမှာ က လေး တစ်ဦးနှင့်တစ်ဦး မတူကြဘဲ တချို့ကလေးများက စဖြစ်ချိန် ကိုယ်ပူခြင်း၊

ယားယံခြင်းနှင့် အနာပေါက်ထွက်သွားသည့်အခါ နာခြင်း စသည့်တို့ ဖြစ်တတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ ရေရှားပါးခြင်း၊ ရေသန့်ရှင်းမှုမရှိသည့်အတွက် ဖြစ်ပွားရခြင်းနှင့် အဝတ်အထည်၊ ခြုံထည်၊

မျက်နှာသုတ်အဝတ်များကို စုပေါင်းအသုံး ပြုနေရခြင်းများကြောင့် ဖြစ်ပြီး အထူးသဖြင့် ဒေါတမကြီးအုပ်စုထဲရှိ စစ်ဘေးရှောင်အများအပြားတွင် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂျူဂျူး

Photo; jfk

#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *