စတိုးဆိုင်အတွင်းမှ အမျိုးသမီးတစ်ဦးအား ‌ေ‌‌သ နတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်မှုဖြစ် ပွား…See more

Posted on

ရှမ်းပြည်နယ်၊ မတ် ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၌ စတိုးဆိုင်တစ်ဆိုင်အတွင်းမှ အမျိုးသမီးတစ်ဦးအား လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ ည ၉ နာရီ ဝန်းကျင်က တာချီလိတ်၊ တော်ကော့ပြင်၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၊ ဖာ့ဆိုင် စားသောက်ဆိုင်အနီး တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် စတိုးဆိုင်ဖြစ်ကြောင်း မြို့ခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ အခင်းဖြစ်ပြီးနောက် လူမှုကွန်ရက်မှ CCTV ရုပ်သံဖိုင်တစ်ခု တက်လာရာတွင် အဖြူရောင်ကားတစ်စီးဖြင့် လူတစ်စုက ဆိုင်ရှေ့ကားထိုးရပ်ပြီး သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ဆိုင်အတွင်းသို့ ဝင်သွားခဲ့သည်ကို မြင်တွေ့ရသည်။

ထို့နောက် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိအဖွဲ့မှ အမျိုးသားတစ်ဦးက စတိုးဆိုင်ငွေကောင်တာနောက်သို့ ဝင်ပြီး မတ်တပ်ရပ်နေသည့်အမျိုးသမီးအား သေနတ်ပြ၊

လက်ထိပ်ခတ်ကာ ဖမ်းဆီးခေါင်ဆောင် သွားသည်ကို တွေ့ရှိရသည်။ ထိုသို့ ဖမ်းဆီးသွားချိန်၌ ဆိုင်အတွင်း ဈေးဝယ်သူအချို့နှင့် ငွေရှင်းကောင်တာတွင် အတူရပ်နေသည့် အမျိုးသားတစ်ဦးနေရှိကြောင်း တွေ့ရှိရသည်။

“မနေ့က ဖြစ်သွားတာ ကြားတယ်၊ အဲ့ဒီနားက တရုတ်ဆိုင်တွေချည်းပဲ။ကောင်မလေးကို ဘာလို့ခေါ်သွားလဲတော့ သေချာမသိရသေးဘူး” ဟု တာချီလိတ်မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်လမ်းမဘေး ဖွင့်လှစ်ထားသည့် စားသောက်ကုန်မျိုးစုံစတိုးဆိုင်သည် တာချီလိတ်မြို့ဟောင်လိတ်နယ်မြေအပိုင်တွင်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

ယင်းဖြစ်စဥ်မှ ကျူးလွန်သူများသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လက်နက်ကိုင်များ ဖြစ်ကြောင်းကို မသိရသေးသော်လည်း ယနေ့ခေတ်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မတ်လ ၁၅ ရက် ညနေ ၆ နာရီ ဝန်းကျင်ကလည်း တာချီလိတ်မြို့ ဟောင်လိတ်စာသင် ကျောင်းအနီး လူငယ်အမျိုးသားတစ်ဦးထံမှ ကားတစ်စီးကို လုယက်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်းလည်း အမည်မဖော်လိုသူ ပရဟိတအဖွဲ့က ဆိုသည်။

ယခုလို လက်နက်ကိုင်ဆောင် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်မှုများအပြင် တာချီလိတ်မြို့ပေါ်၌ လူသတ်မှု၊ ဆိုင်ကယ် လုယက်မှု၊ ကားခိုးမှုများဖြင့် နယ်မြေမငြိမ်မသက်မှုများ ကြုံနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

သတင်း – ဝသုန်

ဓာတ်ပုံ – လူမှုကွန်ရက် CCTV ကင်မရာမှတ်တမ်းပုံများ။

#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *