“သူခိုးတစ်ယောက်ဖမ်းမိ”
ယနေ့ နံနက်(၇)နာရီအချိန်ခန့်မှာ အိမ်တော်ရာစေတီတော်ကြီး၏ ဘေးပတ်ပတ်လည် ဂြိုဟ်ပြေ,နံပြေဘုရား ထီးတော်မှာ
တပ်ဆင်ထားတဲ့ ခေါင်းလောင်ဆွဲလဲများနှင့် ဗုဒ္ဓဟူးနံ ကြာသပတေးနံ ရုပ်ပွားတော်ရှေ့ရှိ အလှူခံပုံး ဖောက်ထွင်းခိုးယူသူ သူခိုးတစ်ယောက်အား ဖမ်းဆီးရမိ။
ထိန်းသိမ်းရေးဆရာတော်များမဘယ် လောက် ပင် ရိုက်နှက်စစ်ဆေးဆေး ခိုးရာပါ ပစ္စည်းများ၊ လက်နက်ကြိယာများပါရှိနေတာကိုပင် ခိုးမိပါတယ်လို့ လုံးဝ ဝန်မခံပါ။
မူးယစ်ဆေးဝါး သုံးစွဲနေသူဖြစ်ကြောင်း ခန္ဓာကိုယ်အနေအထားအရ သိရှိရပါသည်။
ယခုတော့ သက်ဆိုင်ရာ စခန်းသို့ အပ်နှံလိုက်ပါပြီ။
သက်ဆိုင်ရာပုဂ္ဂိုလ်တွေကမူ မည်သို့မည်ပုံ အရေးယူဆောင်ရွက်ကြမည်ဆိုတာ မသိရပေမယ့်
ထိန်းသိမ်းရေးဆရာတော်တွေ ဆုံးမမှုက ပို၍ ထိရောက်မှုရှိပြီးနောင်ရှောင်ကြဉ်မိလိမ့်မည်လို့ ယုံကြည်လျက်။ ။
သာသနာထိန်းသိမ်းရေးအဖွဲ့၊ ချမ်းအေးသာစံ၊ မန္တလေး ။