ရေစကြိုနဲ့ မြောင်နယ်ခြားက ကျွန်းရွာသားတွေ အရေးပေါ် ထွက်ပြေး…

Posted on

Connect Burma| မတ် ၁၇

ရေစကြိုနဲ့ မြောင်နယ်ခြား မြစ်ဆုံ ကျွန်းရွာတွေက အရပ်သား လူထု ဒီနေ့ မတ်လ ၁၇ရက် မနက်ပိုင်းမှာ

အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက ကနဦး သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက မြောင်မြို့နယ်၊ ပေါက်ချောင်းရွာဘက်ကနေတစ်ဆင့် မြစ်သာနဲ့ မြစ်ဆုံ ကျွန်းရွာတွေဆီ ဝင်ရောက် လာတာဖြစ်ပါတယ်။

ဒါ့ပြင် မြောင်မြို့နယ်၊ ကျောက်ရစ်ရွာဘက်ကလည်း စစ်ကြောင်းထိုးသလို ရေစကြိုမြို့နယ်၊

ကျောမကြားဘက်ကလည်း စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်း ၃ ကြောင်းလှုပ်ရှားနေတာလို့ သိရပါတယ်။

Connect Burma

Leave a Reply

Your email address will not be published. Required fields are marked *