ထော်လာဂျီ တိမ်းမှောက်လို့ အမျိုးသမီး ၁၀ ဦး အပါအ၀င် အသက် ၅၀ ကျော် သက်ကြီးပိုင်း…

Posted on

ကယားပြည်နယ် လွိုင်ကော် ဆီမီးလော့ရွာမှာ ထော်လာဂျီတိမ်းမှောက်လို့ အသက် ၅၀ ကျော် သက်ကြီးပိုင်း တွေ အပါအဝင်

အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရွှေလွိုင်ကော် ပရဟိတ အသင်း မှ သိရပါတယ်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက လွိုင် ကော်မြို့နယ် ဆီမီးလော့ကျေးရွာလမ်း အတိုင်းမောင်းနှင်လာသည့်

ထော်လာဂျီသည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိနေသဖြင့်

ရွှေလွိုင်ကော်ကယားပရဟိတအသင်းမှ သွား ရောက် ကူညီခဲ့တာလို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၅ ဦးပါဝင်ပြီး ဦးခေါင်း ၊ ခါး၊ ရင်ဘတ်၊ဝမ်းဗိုက်နဲ့

ခြေထောက်တွေ မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်း လူနာ(၁၀)ဦး အား Ambulance ၄စီးဖြင့် လွိုင်ကော်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *