နေ့စဉ်နဲ့အမျှ အကြောက်တရားများဖြင့်ရှင်သန်နေထိုင် နေရသည့် ပြည်သူတို့၏ဘ၀

Posted on

နေ့စဉ်နံနက်မနက်မိုးလင်း၍နေ့သစ်တစ်နေ့ကိုအစပျိုးရောက်ရှိသည်နှင့်တပြိုင်နက် ဒီနေ့ဘာများ ဖြစ်မလဲဆိုသည်ကိုတွေး၍

ကြောက်နေရခြင်းဖြင့်နေ့စဉ်လိုလိုအစပြုလျှက်ရှိနေသည်ကပြည်သူများ၏နေ့သစ်တစ်ရက်ကိုစတင်ခြင်း၏နိဒါန်းဖြစ်တယ်လို့ပြည်သူအများစုကဆိုပါတယ်။

အဘယ်ကြောင့်ဆိုကနေ့စဉ်နဲ့အမျှဖြစ်ပွားတိုးတက်လျှက်ရှိနေသော ရာဇဝတ်မှုများ၊ဒုစရိုက်မှုများ၊ အကြမ်းဖက်မှုနှင့်မီးရှို့မှုများအပြင်ကုန်ဈေးနှုန်းများ

အဆမတန်မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာ သည့် စားဝတ်နေရေးကျပ်တည်းမှုများ၊အလုပ်အကိုင်ရှားပါးမှုများက ပြည်သူ လူထု အတွက်မဖြေရှင်းနိုင်သည့်

စိန်ခေါ်မှုများအဖြစ်တည်ရှိနေသည်ကနှစ်နှစ်ဆိုသောအချိန်ကာလအားကျော်လွန်ခဲ့ပြီဖြစ်သော် လည်းထိုအခြေအနေများကလျှော့နည်းကျဆင်းသွားခြင်းမရှိဘဲပို၍သာတိုးလာခြင်းကြောင့်

အများ ပြည်သူလုံခြုံရေးနှင့်ပြည်သူ့ဘဝတိုးတက်မြင့်မားရေးဆိုသည်များကဘယ်ဆီရောက်နေလဲဟုမေးခွန်းထုတ်စရာဖြစ်လို့နေကြောင်း ပြည်သူများရဲ့ပြောကြားချက်တွေအရသိရပါတယ်။

“ပြည်သူတွေနေ့စဉ်နဲ့အမျှအဓိကကြုံတွေနေရတဲ့ပြသနာကပတ်ဝန်းကျင်အခြေအနေမလုံခြုံမှု၊တစ် ကိုယ်ရေအားဖြင့်မလုံခြုံမှုနဲ့စိတ်ပိုင်းဆိုင်ရာအားဖြင့်မလုံခြုံမှုစတဲ့ပြသနာတွေကိုအဓိကကြုံနေရတာ။

ဒီလိုအခြေအနေတွေက၂၀၂၁ခုနှစ်နောက်ပိုင်းကစလို့နေရာတိုင်းမှာသိသိသာသာကိုတိုးတက်များပြားလာတယ်လို့ကောက်ယူထားတဲ့စစ်တမ်းတွေအရသိရတယ်။

ပြည်သူတွေကြားမှာတစ် ယောက်အ ပေါ်တစ်ယောက်အပြန်အလှန်မယုံကြည်မှု၊သံသယတွေတိုးပွားလာခြင်းရဲ့အနောက်မှာမြန်မာ့လူမှု နယ် ပယ်နဲ့ လူ့အဖွဲ့အစည်းမှာရှေးယခင်ကရှိခဲ့တဲ့မေတ္တာတရား၊စာနာသနားစိတ်၊

ကိုယ်ချင်းစာစိတ်၊အပြန်အလှန်ရိုင်းပင်းကူညီ စိတ်၊သည်းခံစိတ်တွေပျောက်ကွယ်သွားပြီးအဲဒီအစားဆတ်ဆတ်ထိမခံ တဲ့စိတ်၊ဒေါသစိတ်နဲ့ခိုက်ရန်ဖြစ်ပွားလိုတဲ့ရန်လိုစိတ်တွေကမြင့်တက်လာတယ်။

ဒါ့အပြင်အ ကြောက် တရားစိတ်တွေကပုံမှန်ထက်လွန်ကဲ လာပြီးတော့တရားဥပဒေစိုးမိုးမှုအားနည်းပျက်ယွင်းခြင်းကြောင့် ဖြစ် ပေါ် လာတဲ့ရာဇဝတ်မှုနဲ့

ဒုစရိုက်မှု တွေကိုဒုစရိုက်သမားတွေကလူမြင်ကွင်းလိုနေရာမျိုးမှာ ကျူး လွန်ရင်တောင်မှကျူးလွန်ခံရသူကိုကူညီ ဖေးမပြီးဒုစရိုက်သမားတွေကိုပြန်တွန်းလှန်ရမယ့်အစားငါ့ ကိုယ်ပါတစ်ခုခုလုပ်သွားမလား၊

ငါပါအမှုပတ်နေမလားဆိုတဲ့အတ္တစိတ်နဲ့အကြောက်တရားတွေ ကြောင့် ကိုယ်နဲ့မဆိုင်သလိုရှောင်ထွက်သွားတာ ၊ရပ်ကြည့်နေကြတာတွေများလာတယ်။

ဥပမာ အား ဖြင့်ဘက်စ်ကားပေါ်မှာခါးပိုက်နှိုက်နေတာတွေ့ရင်တောင်မှခါးပိုက်နှိုက်နေတယ်လို့ဘေးပတ်ဝန်း ကျင် ကို အော်လိုက်ရင်ခါးပိုက်နှိုက်တွေကတစ်ခုခုလုပ်သွားမလားဆိုတဲ့ကြောက်စိတ်၊

စိုးရိမ်စိတ် တွေအပြင် ဘေးပတ်ဝန်းကျင်ကဝိုင်းမကူညီရင် ၊ဘက်စ် ကား မောင်းတဲ့သူကအချိန်ကုန်၊အလုပ်ရှုပ် တယ်လို့ယူဆပြီးနီးစပ်ရာရဲစခန်းကိုမောင်းမပို့ခဲ့ရင်၊ပြည်သူ့လုံခြုံ ရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ သို့ မဟုတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူကဝိုင်းဖမ်းပြီးလာပို့ပေးတဲ့ ခါးပိုက်နှိုက်၊

အလစ်သုတ်သ မား၊လုယက်သူကိုဥပဒေနဲ့အညီထိထိရောက်ရောက်အရေးယူခြင်းမပြုခဲ့ဘူးဆိုရင်ကနဦးတိုင်တဲ့သူ ကို အငြိုးထားပြီးတစ်ခုခုလုပ်မလားဆိုတဲ့နောက်ဆက်တွဲစိုးရိမ်စိတ်၊ကြောက် စိတ်တွေက လူတိုင်း လိုလိုမှာဖြစ်လာတဲ့အနေအထားကိုတွေ့ရတယ်။

ဒီလိုအခြေအနေတွေမြင့်မားလာ တာနဲ့အမျှပြည်သူ လူ ထုအချင်းချင်းအကြားမှာသူ့မယုံကြည်၊ငါ့မယုံကြည်ရဲတဲ့သံသယစိတ်၊မယုံကြည်စိတ်တွေနဲ့ ကြောက်စိတ်တွေကတဖြည်းဖြည်းနဲ့

တိုးပွားလာတာများလာတယ်”လို့ လူမှုစိတ်ပညာဆိုင် ရာ ကျွမ်း ကျင်သူတစ်ဦးဖြစ်တဲ့ဒေါက်တာလှမြင့်က သုံးသပ်ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *