ရန်ကုန်တွင် လျှပ်စစ်ကားများ အားသွင်းနိုင်ဖို့ပထမဆုံး EVCharging Station ဖွင့်လှစ်

Posted on

ရန်ကုန်မြို့ ၊ ရန်ကုန်ဘူတာကြီးရှေ့မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ EV Charging Station ကို မတ် ၁၉ ရက်၊ မနက် ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့

Farmer Auto Showroom က Chief Executive Officer ဒေါက်တာ စိုးထွန်းက One News ကို ပြောပါတယ်။

လျှပ်စစ်သုံးမော်တော်ယာဉ် (EV) တွေအတွက် Charging Station တွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ တည်ဆောက်နေတာဖြစ်ပြီး

နေပြည်တော်မှာ မတ်လ ၄ ရက်က EV Charging Station တစ်ခုကို ဖွင့်လှစ် ပြီးနောက် အခု ရန်ကုန်မှာပထမဆုံး ဖွင့်လှစ်လိုက်တာလို့သိရပါတယ်။

” ရန်ကုန်မှာတော့ ပထမဆုံး ဖွင့်တာပေါ့။ လက်ရှိကတော့ ရန်ကုန်မှာတော့ အကြမ်း ဖျင်းတော့ ငါးနေရာ သတ်မှတ်ပေးထားတယ်။

ရန်ကုန်ဘူတာကြီးရယ်၊ သခင်မြပန်းခြံရယ် ၊ သီရိမင်္ဂလာဈေးရယ်၊ အောင်မင်္ဂလာနဲ့ လှိုင်သာယာအဝေးပြေးနေရာတွေပေါ့။

နောက်တိုးကတော့ ရန်ကုန်လေဆိပ်အရှေ့ပေါ့။ နောက်တိုးပါရင် အားလုံး ခြောက်ခုပေါ့။ Public Charging Station ကတော့ ဒီလောက်နဲ့တော့ မလုံလောက်ဘူးပေါ့။

ဖြစ်နိုင်ရင်တော့ EV ကားတွေ Taxi တွေ လွယ်လွယ်ကူကူ သုံးနိုင်အောင်လို့ အများပြည်သူ သွားလာနေတဲ့ Shopping Mall တွေ၊ ရုပ်ရှင်ရုံတွေ၊

ဈေးတွေ၊ ကျန်တဲ့ Public ကားရပ်တဲ့ နေရာတွေ အကုန်လုံးမှာ တပ်ဆင်သွားဖို့
လိုတယ်လို့ မြင်ပါ တယ်။

ဒါမှပဲ EV ကားတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တာပေါ့။ လက်ရှိကတော့ Public Charging Stationက အစပျိုးလိုက်တဲ့ သဘောပေါ့ ” လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ရန်ကုန်ဘူတာကြီးရှေ့က EV Charging Station ကို ဖွင့်လှစ်ပြီးနောက် လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်မှာ ဆက်လက် တည်ဆောက်နေတဲ့ EV Charging Station တွေ အားလုံး ဖွင့်လှစ်ဖို့ရှိနေပြီး

မနက်ဖြန်မှာ ရန်ကုန်-မန္တလေး ဇီးရိုးမိုင်မှာ တည်ဆောက်ပြီးစီးသွားတဲ့ EV Charging Station ကို ဆက်ဖွင့်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

” ဒီနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ပြောတာက တော့ အများပြည်သူသုံး Shopping Mall တွေ၊ ပလာဇာတွေ၊

ဈေးတွေမှာ တပ်ဆင်ဖို့ စီစဉ်နေတယ်လို့ ပြောသွားတာရှိပါတယ် ” လို့ ဒေါက်တာ စိုးထွန်းကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ပကနေ တင်သွင်းလာတဲ့ လျှပ်စစ်ယာဉ် အစီး ၁၀၀ ကျော်လောက် ရှိနေပြီ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်သုံးယာဉ် (EV) တွေအတွက်

အားသွင်းစက်တွေလည်း ရောက်ရှိလာပြီး EV ကားတွေ တင်သွင်းဖို့ အဆိုပြုထားတဲ့ ကုမ္ပဏီတချို့ကိုလည်း သွင်းကုန်လိုင်စင် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

COPY One News Myanmar

Leave a Reply

Your email address will not be published. Required fields are marked *