ခက်ခဲသောအခြေအနေမျိုးမှာပင် အရှုံးမပေးပဲကြိုးစားလိုသောစိတ်ဓာတ်သည် အတုယူဖွယ်ကောင်းသလို အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းကလည်း ဂုဏ်ယူစရာကောင်းသည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ အသက်၁၀နှစ်အရွယ် ကလေးမလေးတစ်ဦးသည် သူမရဲ့အသက်နှစ်နှစ်သမီးအရွယ်မှာ ယာဥ်မတော်တဆဖြစ်ပြီး ဘယ်ဖက်ခြေထောက်တစ်ဖက်ကို ဆုံးရှူံးခဲ့ရသည်။ ကလေးမလေးသည် သူ့မှာလမ်းလျှောက်ဖို့ရာအတွက် ခြေတစ်ဖက်တည်းသာရှိတော့၍ ခက်ခဲခဲ့သော်လည်း အရှုံးမပေးပဲ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန်ကြိုးစားနေဆဲဖြစ်သည်။ […]