မယားကလင်ဆီကဓ ားကိုလုပြီး လင်ကိုပြန်ထို းလို့လင်ဖြစ်သူ‌ေ သရတဲလူသ တ်မှု

မယားကလင်ဆီကဓ ားကိုလုပြီး လင်ကိုပြန်ထို းလို့လင်ဖြစ်သူ‌ေ သရတဲလူသ တ်မှု

၁၉.၃.၂၀၂၀ရက်နေ့လည်၁၂နာရီ၃၀မိနစ်အချိန် ခန့်ကလုံးခင်းကျေးရွာ၊ရပ်ကွက်(၅)တွင်လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရရဲစခန်းမှတာဝန်ရှိသူများကသက်သေများနှင့်အတူရောက်ရှိစစ်ဆေးရာသေဆုံးသူမှာသီဟစိုး(၂၉)နှစ်၊ ယာဉ်မောင်း၊မြင်းစီးကျေးရွာနေထိုင်သူဖြစ်ကြောင်း သိရှိရကာ၎င်းတွင်ဝဲဘက်ရင်အုပ်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ဝဲဘက်နံရိုးဘေးတွင်ထိုးသွင်းဒဏ်ရာ(၃)ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးပြီးဖြစ်စဉ်ကိုစတင်စုံစမ်းခဲ့ရာအခင်းဖြစ် နေရာအနီးတွင်ရှိနေသူမ....(ခ)....(၂၈)နှစ်၊ktvဝန်ထမ်း၊ လမ်း(၃၀)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူနှင့်မ......(၃၁)နှစ်၊မလမ်းကျေးရွာ၊ဖားကန့်မြို့နယ်၊ကချင်ပြည်နယ်နေသူတို့၏ပြောပြချက်အရ၁၉.၃.၂၀၂၀ရက်နေ့လည် ၁၂နာရီ၃၀အချိန်ခန့်ကလုံးခင်းကျေးရွာ၊ရပ်ကွက်(၅)၊အမှတ်(၂၉၁)နေဦးစံသိန်းပိုင်ဆိုင်သောနေအိမ်တွင်အိမ်ငှားနေထိုင်သူသီဟစိုးနှင့် မ...တို့ရှိနေကြစဥ်သီဟစိုး၏ဇနီးတော်စပ်သူမငြိမ်းငြိမ်းအိရောက်ရှိလာကာလင်မယားစကားများရန်ဖြစ်ကြကြောင်း၊မငြိမ်းငြိမ်းအိကသီဟစိုးကိုအမှုဖွင့်မည်ဟုပြောရာသီဟစိုးကထောင်ကျမခံနိုင်ဘူး၊နင့်ကိုအရင်သတ်ပြီးမှထောင်ကျခံမည်ဟုပြောဆိုကာ အနီးအနားတွင်ရှိသောကြက်သွန်လှီးစတီးဓားနှင့် မငြိမ်းငြိမ်းအိကိုထိုးမည်ပြုလုပ်စဉ်မငြိမ်းငြိမ်းအိကဓားကိုလုယူကာသီဟစိုး၏နံကြားကို(၃/၄)ချက်ခန့်ထိုးခဲ့ကြောင်းပေါ်ပေါက်သိရှိရသဖြင့်သီဟစိုးကိုအသက်သေဆုံးအောင်ဓားနှင့်ထိုးသူငြိမ်းငြိမ်းအိကိုဖမ်းဆီးအပြစ်ပေးအရေးယူပေးပါရန်တိုင်တန်းခဲ့ရာ လုံးခင်းရဲစခန်းအမုှကြီးအမှတ်(၂/၂၀၂၀)၊ (ပ)၅၅/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရ အမှုရေးဖွင့်ကာပြစ်မှုကျူးလွန်ပြီးထွက်ပြေတိမ်းရှောင်သွားသူငြိမ်းငြိမ်းအိကိုရှာဖွေရာလုံးခင်းမြို့အဝေးပြေးကားကြီးဝင်းအတွင်းလုံးခင်းမြို့မှမိုးကောင်းမြို့သို့ထွက်ခွာမည့်မှန်လုံယာဉ်ပေါ်တွင်တွေ့ရှိဖမ်းဆီးရမိကာ ဥပဒေအရတရားစွဲတင်ပို့ရန်စီစဉ်နေကြောင်း သိရှိရသည်။ အောင်ကျော်ဦး(ပြည်မျက်လုံး) S...

You may have missed