မွေးကတည်းက စအိုပေါက်မပါသည့်ကလေးငယ် ခွဲစိတ်ကုသရန် ငွေကြေးအခက်အခဲရှိနေ

မွေးကတည်းက စအိုပေါက်မပါသည့်ကလေးငယ် ခွဲစိတ်ကုသရန် ငွေကြေးအခက်အခဲရှိနေ

မွေးကတည်းက စအိုပေါက်မပါလာသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦးသည် ခွဲစိတ်ကုသရန်အတွက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ရန်ကုန်မြို့တွင် ရောက်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အစာဟောင်းအူမကြီးကို အပြင်သို့ထုတ်ခဲ့ရကာ ထိုအူမကြီးမှတဆင့် အလေးစွန့်ထုတ်မှုကို ပြုလုပ်နေရပြီး အစာဟောင်းအူမကြီး၌စွတ်ထားရသည့်...