၃၃နှစ် အရွယ်မိန်းကလေး. ယောကျာ်းနောက်လိုက်ပြေးပြီးနှစ်ရက်အကြာ တစ်ဦးထဲပြန်လာကာကြိုးဆွဲချသေဆုံး

၃၃နှစ် အရွယ်မိန်းကလေး. ယောကျာ်းနောက်လိုက်ပြေးပြီးနှစ်ရက်အကြာ တစ်ဦးထဲပြန်လာကာကြိုးဆွဲချသေဆုံး

အမှုဖြစ်စဥ်မှာ ၇.၁.၂၀၂၃ရက်ညနေ၄နာရီခွဲအချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းတွင်ဒုရဲမှုး....တာဝန်ထမ်းဆောင်နေစဥ်လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊အောင်စကြ်ာလမ်းမ၊အခန်း B4တွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရတာဝန်မှုး၊နယ်ထိန်းအရာရှိ၊ရဲတပ်ကြပ်ကြီး၊ရဲတပ်ကြပ်၊ ရဲဒုတပ်ကြပ်၊သက်သေတို့လိုက်ပါလျက်အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးကြည့်ရှုရာသေဆုံးသူမှာမအိအိမွန်(ခ)အိမာ(၃၃)နှစ်၊အထည်ချုပ်၊အောင်စကြ်ာလမ်း၊(၇)ရပ်ကွက်၊လှိုင်သာယာမြို့နေသူဖြစ်ကြောင်းသိရသည်။ အလောင်းကိုအသေးစိပ်စစ်ဆေးရာအိပ်ခန်းခေါင်းရင်းအုတ်နံရံတွင်အမြင့်ပေ(၈)ပေခွဲရှိရိုက်ထားသောသံငုတ်တွင်နိုင်လွန်ကျားဝတ်လုံချည်အပြာကွက်စိပ်ဗျတ်(၁၀)လက္မခန့်၊ အရှည်(၆)ပေခန့်အားကြိုးအဖြစ်ချည်၍တစ်ဖက်တွင်ကွင်းရှောပြုလုပ်ကာကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရပြီးပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရပဲဦးခေါင်းမှာယာဘက်သို့စောင်းနေလျက်ဝဲနားနောက်တွင်ကြိုးထုံးတည်ရှိပြီးလျာတစ်လစ်ထွက်ကာဝဲယာလက်ချောင်းများပြာနမ်းနေလျက်လက်ချောင်းများအတွင်းဘက်သို့ကွေးဝင်နေသည်ကိုတွေ့ရှိရကာအနီးတွင်အမြင့်၂ပေခန့်ရှိပလပ်စတစ်ထိုင်ခုံအညိုရောင်အားတွေ့ရှိရကြောင်းသိရသည်။ သေဆုံးသူမအိအိမွန်(ခ)အိမာနှင့်တစ်ခန်းထဲအတူနေထိုင်ကာညီမဝမ်းကွဲတော်စပ်သူမချိုမာ(ခ)မချိုဝင်း(၂၃)နှစ်၊အထည်ချုပ်လုပ်ကိုင်သူအားမေးမြန်းရာလွန်ခဲ့သော၂.၁.၂၀၂၃ရက်နေ့ကယောကျာ်းနောက်ခိုးရာလိုက်ခဲ့ပြီး၄.၁.၂၀၂၃ရက်နေ့ကတစ်ဦးထဲပန်လာပြီးနောက်အလုပ်မဆင်းပဲအခန်းထဲတွင်တစ်ဦးထဲကျန်ခဲ့ကြောင်း၊ ၇.၁.၂၀၂၃ရက်ညနေ၄နာရီခွဲအချိန်မချိုဝင်းနေအိမ်အခန်းသို့ပြန်ရောက်ချိန်အခန်းတခါးမကြီးနှင် ပြတင်းပေါက်အားဂျက်ထိုးထားသည်ကိုတွေ့ရှိရသဖြင့်ပြတင်းပေါက်မှန်တံခါးအားတွန်းဖွင့်ကြည့်ရာမှယခုလိုကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရကြောင်းပေါ်ပေါက်ချက်အရ အလောင်းကိုရဲဆေးစာပေးပို့ခဲ့ရာဆေးရုံကြီးကပီအာရ်၀၃အရလက်ခံစစ်ဆေးပြီးဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်အမှုရေးဖွင့်ခဲ့ရာလှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဥ်၁/၂၀၂၃အရဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ နွယ်နီလှိုင်(ထန်းတပင်)S.H ရှုထောင့်သတင်းစုံဂျာနယ်